နေ့စဉ်ကြားသိနေရတဲ့ ယာဉ်တိုက်မှုသတင်းတွေထဲက အများဆုံးနဲ့ လူသေဆုံမှုစံချိန်တစ်ခုတင်ထားတာကတော့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပဲဖြစ်ပါတယ်။ လစဉ်တိုင်းမှာ အများဆုံးစံချိန်ရှိနေပြီး ယာဉ်တိုက်မှု တိမ်းမှောက်မှုနဲ့ လူသေဆုံးမှုတွေကတော့ မရေမတွက်နိုင်အောင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၂၉ရက်နေ့အစောဆုံးမှာလည်း အဆိုပါအမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ နံနက်အစောပိုင်း ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၅၈/၄ အနီး တွင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ " ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃၀နှစ်၊ ကျိုက်ထိုမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် YGN 7P- 2---Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express သည် ယာဉ်မောင်း အိပ်ငိုက်ပြီး ရှေ့မှ လားရာတူ မောင်းနှင်လာသည့် ယာဉ်မောင်း ကိုတင်ဝင်း 9K/1---Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိပြီး မန္တလာမင်းယာဉ်မှာ ဂါတ်ဝေးတန်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောတွင် ရပ်တန့်သွားပြီး Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၁၉ဦး၊ မ ၄ဦး၊ ပေါင်း ၂၃ဦးအနက် ယာဉ်အကူ ကိုအောင်မြတ်သူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း " သိရပါတယ်။  

ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့အတူ ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရပါတယ်။ မတ်လ ၂၉ ရက်နေ့ ဒီကနေ့အစောဆုံးမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ်က ယာဉ်တိုက်မှုပုံရိပ်အချို့ကို ပြသရင်း ယာဉ်မောင်းသူတွေ သတိပြုမောင်းနှင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

pHOTOS - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။