နေခြည်ဦးကတော့ Beauty Blogger ဖြစ်ပြီး ယခုမှာ သရုပ်ဆောင်အဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားရာ ယခုမှာတော့ ချစ်ပရိသတ်တွေရဲ့အားပေးမှု ရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချီချီရဲ့ သွက်လက်ဖျက်လက်တဲ့ပုံစံလေးတွေ စကားပြောသွက်သွက်လက်လက်လေး ရှိပုံလေးတွေက ချစ်ပရိသတ်တွေကိုအချစ်တွေ ပိုစေခဲ့ပါတယ်။ 

ယနေ့မှာတော့ နေခြည်ဦးတစ်ယောက် အားတီရဲ့ အသစ်ဖွင့်ထားတဲ့ ဆိုင်လေးကိုသွားရောက်ခဲ့ပါတယ်. နေခြည်ဦးကတော့ " အမှန်အကန်ဆွဲစားခဲ့တဲ့ AR-T ရဲ့ ချဉ်ငံစပ်ရဲ့ခေါက်ဆွဲအိမ်ချဉ်ငံစပ်ဆိုင်ဆို မျော်စင်ကျွန်းကစားကောင်းတဲ့ဆိုင်လေးဆိုပြီး အကုန်လုံးသိပြီးသားဘဲလေ။ အခုလည်း ဆိုင်ခွဲနောက်တစ်ခုအနေနဲ့ ခေါက်ဆွဲအိမ်ဆိုပြီး တောင်ဥက္ကလာ ပါရမီလမ်းမ ပေါ်မှာထပ်ဖွင့်ထားပါတယ်။ 

နေခြည်က ဆန်စီးတို့ တို့ဟူးနွေးတို့ဆို အရမ်းအရမ်းးးးကြိုက်တာ။ချစ်ရတဲ့ ကိုကိုအားတီ ဈေးနှုန်းချိုချိုလေးနဲ့ အိမ်ထမင်းဟင်း စားရသလို စေတနာပါပါ အသားများများနဲ့ သန့်သန့်ရှင်းရှင်း ဆိုင်လေးတွေဖွင့်ပေးလို့ ကျဲကျဲကော အားတီကောကိုအရမ်းကျေးဇူးတင်ပါတယ် " ဆိုပြီး ရေးသားထားပါတယ်။

source: နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။