လူငယ်ပရိသတ်တွေကြားမှာ ခပ်မိုက်မိုက် Rapper မလေးတစ်ဦးအဖြစ်ရေပန်းစားခဲ့တဲ့ အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင့်ကတော့ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေး အခြေ အနေလေးနဲ့ တည်ငြိမ်တဲ့ဘဝအသစ်တစ်ခုမှာဖြတ်သန်းရင်းပျော်ရွှင်နေပါတယ်။ အရမ်းကိုဂရုစိုက်တက်ပြီးသူမရဲ့ အနုပညာလုပ်ငန်းတွေကိုနားလည်ပေးတက်တဲ့ ခင်ပွန်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်တဲ့ သူမက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံရဲ့ဘဝလေးထဲကို သမီးလေးရောက်ရှိလာပြီး သူမကတော့ ယခုမှာ သမီးလေးကို လွယ်ထားရပါတယ်။  

ယနေ့မှာတော့ စန္ဒီမြင့်လွင်တစ်ယောက် ချစ်ရတဲ့ ဖေဖေမွေးနေ့လေးမှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ သူမကတော့ " ဖေကြီးမွေးနေ့မှစနေ့ပေါင်းများစွားချစ်သောသားသမီးမြေးများနှင့်အတူပျော်ရွှင်ပါစေ တရားထူးတရားမြတ်များလဲရပါစေ ချစ်သမီးငယ် သားငယ် " ဆိုပြီး လူမှု့ကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

SOURCE: စန္ဒီမြင့်လွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။