အဆိုတော်တင်ဇာမော်ကတော့ ပရိသတ်တွေတခဲနက်ချစ်ခင်အားပေးခဲ့ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုသရဖူပေါင်းများစွာကို ဆွတ်ခူးထားနိုင်သူလေးပဲဖြစ်ပါတယ်။ တင်ဇာမော်ရဲ့ သီချင်းလေးတွေကတော့ ယနေ့အချိန်ထိ ဆယ်ကျော်သက်တွေကြားမှာရေပန်းစားနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု အားပေးမှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။

ယနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး တေး ရေး၊ တေးဆို ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ကိုမီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့သူငယ်ချင်း၅ယောက်ပြန်လည်သီဆိုခဲ့ပါတယ်။ “ကမ္ဘာမြေငြိမ်းချမ်းပါစေ… ပန်းပွင့်တွေဆုတောင်းနေ… ကမ္ဘာမြေစိမ်းလန်းပါစေ… ကျေး ငှက်တို့တေးဆိုနေ " ဆိုတဲ့ သီချင်းဟာ ပရိသတ်ရင်ထဲကို ရောက်ရှိနေပြီးသားပါ။

အသံပါဝါတွေနဲ့ နာမည်ကြီး အမျိုးသမီးအဆိုတော်တွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့ရဲ့သူငယ်ချင်းတွေရဲ့ သီဆိုပုံက ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

source:legacy music

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။