ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလားတွေအားလုံးအတွက် တိုက်ပွဲဝင်ရတော့မယ့်အပေါ် ဂုဏ်ယူကျေနပ်မိတယ်လို့ ကစားသမားသစ် ဟာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၆၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဘိုင်ယန်အသင်းအနေနဲ့ ဟာနန်ဒက်စ်ကို ၅ နှစ်စာချုပ် ချုပ်ခဲ့ပြီး လာမယ့် ဇူလိုင် ၁ ရက်နေ့ရောက်မှ အသင်းနဲ့ စတင်ပူးပေါင်းမှာ ဖြစ်ပါတယ်။ဟာနန်ဒက်စ်အနေနဲ့ ရာသီကုန်အထိ အက်သလက်တီကို အသင်းမှာပဲ ဆက်ပြီး ကစားသွားရမှာပါ။ဘိုင်ယန်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းဖြစ်ပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ရမယ့်အပေါ် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။ 

အက်သလက်တီကို အသင်းကိုလည်း ကျေးဇူးတင်မိပြီး ရာသီကုန်အထိ အကောင်းဆုံး ပေးဆပ်ကစားသွားမယ်လို့ ဟာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။ပြင်သစ်နောက်ခံလူ ဟာနန်ဒက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

source: thesun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။