မနေ့က မတ်လ ၂၈ ရက်နေ့မှာတော့ ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရူးမှာ ကားဗုံးတလုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းကားဗုံးဟာ စားသောက်ဆိုင်တွေအနီးမှာ ပေါက်ကွဲခဲ့တာကြောင့် လူတော်တော်များများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။

ဒါ့အပြင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးလောက်ဟာလည်း အပြစ်မဲ့စွာနဲ့ သေဆုံးသွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းဖောက်ခွဲမှုကျူးလွန်သူဟာ ဘယ်သူဘယ်ဝါဆိုတာမသိရှိရသေးပါဘူး။

ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ ဒေသခံတစ်ဦးဟာဆိုရင်လည်း “တော်တော်လေး တုန်လှုပ်မိပါတယ်။ ဒီလိုဖောက်ခွဲတာတွေ မလုပ်ကြဖို့ တောင်းဆိုပါတယ်” လို့ပြောကြားထားကြောင်း သိရပါတယ်။

SOURCE- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။