ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်တုန်းကတော့ မိုဇစ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းမြို့ဟာ ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးရဲ့ ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း မိုဇစ်ဘစ်နိုင်ငံသားတွေဟာ ၎င်းမုန်တိုင်းတဲ့ နောက်ဆက်တဲလေးဒုက္ခအနေနဲ့ ကာလဝမ်းရောဂါကိုခံစားနေရတယ်လို့သိရပါတယ်။

၎င်းကာလဝမ်းရောဂါပိုးကို လူငါးဦးထံမှာ စစ်ဆေးတွေ့ရှိခဲ့ရပြီး မပြန့်ပွားအောင် ကြိုးစားနေကြပါတယ်။

ဒါ့အပြင် ကာလဝမ်းရောဂါရဲ့ရှေ့ပြေးလက္ခဏာတခုဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ လူဦးရေလည်း ၂၇၀၀ လောက်ရှိနေတယ်လို့သိရပါတယ်။

ဒါ့ကြောင်အစိုးရအနေနဲ့လည်း ကာလဝမ်းရောဂါကုသရေး စင်တာတွေဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့လည်း က ကာလဝမ်းရောဂါ ကာကွယ်ဆေး သောက်ဆေး ၉ သိန်းကျော်ကို ဒီသီတင်းပတ်ထဲမှာတင် သင်္ဘောနဲ့ တင်ပို့ပေးသွားမယ်လို့သိရပါတယ်။

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။