ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင်တော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပိုလန်ကုန်းမြင့်ဒေသကို အစ္စရေးနိုင်ငံရဲ့ပိုင်နက်အဖြစ် သဘောတူချက်လက်မှတ်ရေးထိုးပေးခဲ့တာတွေ့ရပါတယ်။

ဒီသဘောတူချက်ထွက်ပေါ်ပြီး သိပ်မကြာခင်လေးမှာတင်ဆိုရင်ပဲ မြောက်ကိုရီးယားဟာ ၎င်းပိုလန်ကုန်းမြင့်ဒေသသည် ဆီးရီးယားနိုင်ငံရဲ့ ထာဝရအလေးအမြတ်ထားရတဲ့ ပိုက်နက်နယ်မြေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ “ဂိုလန်ကုန်းမြင့်ဒေသတွင် ဆီးရီးယားနိုင်ငံ၏ အုပ်စိုးမှုကို ငြင်းပယ်ခဲ့မည်ဆိုပါက ယင်းဒေသအတွင်း ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုအပေါ် ချိုးဖောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ၎င်းဒေသအတွင်း၌ တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားစေရေး အတွက် လုပ်ဆောင်မှုများကို ဦးတည်သွားစေမှာဖြစ်တယ် “လို့လည်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ ဆီးရီးယားအစိုးရနဲ့ပြည်သူတွေအနေနဲ့ အသိမ်းပိုက်ခံ ပိုလန်ကုန်းမြင့်ဒေသကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် အထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ပြောကြားခဲ့သလို ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးရေးအတွက် ပြည့်စုံလုံလောက်သည့် ထောက်ပံ့ကူညီမှုများနှင့် နိုင်ငံ၏ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်လို့ ပြောကြားခဲ့သေးကြောင်း သိရပါတယ်။

Source _ The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။