မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ဒီနှစ်ထိုင်းပရီးမီးယားလိဒ်မှာကစားနေပြီးခြေစွမ်းတွေပြနိုင်တာဖြစ်ပါတယ်။အောင်သူကစားနေတဲ့မြောင်တောင်အသင်းကတော့ဒီနှစ်မှာရလဒ်ဆိုးတွေကြုံတွေ့နေရပြီးရှုံးပွဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

အောင်သူလည်းမြောင်တောင်အသင်းမှာပွဲထွက်ခွင့်ဆုံးရှုံးနေပြီးဒုတိယပိုင်းပွဲကစားချိန်အတော်ကြာမှသာကစားခွင့်ရရှိနေတာဖြစ်ပါတယ်။အောင်သူကတော့အချိန်တိုမှာကစားခွင့်ရပေမယ့်ပရိသတ်တွေလက်ခံလောက်အောင်ခြေစွမ်းပြကစားနိုင်တာဖြစ်ပါတယ်။ပွဲထွက်ခွင့်အပေါ်ပရိသတ်တွေကမကျေမနပ်တွေလည်းဖြစ်နေကြတာပါ။

မနေ့ကထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ကစားခဲ့ကြပြီးမြောင်တောင်အသင်းဟာရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ဒီပွဲစဉ်မှာအောင်သူကိုလည်းပွဲကစားချိန်ပြည့်ခါနီးမှထည့်သွင်းကစားခဲ့တာဖြစ်ပါတယ်။အောင်သူကတော့အချိန်တိုအတွင်းမှာပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်းဂိုးပေါက်ချိန်းခြောက်မှုတွေကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ဒီပွဲမှာရှံးနိမ့်ခဲ့တာကြောင့်မြောင်တောင်အသင်းကလည်းသူတို့ရဲ့နည်းပြကိုရာထူးကထုတ်ပယ်ခဲ့ပါတယ်။

SOURCE:Muangthong United FC.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။