ချစ်ပရိတ်သတ်ကြီးရေ.... ပရိတ်သတ်တွေထဲမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေဆိုရင် အရမ်းချစ်တတ်တဲ့သူတွေပါမှာပါ။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ ပြီးတော့ လူတော်တော်များများက ခွေးလေးတွေ ကြောင်လေးတွေဆိုရင် အရမ်းကိုသဲသဲလှုပ်ပြီး ချစ်တတ်ကြပါတယ်။ ခွေးလေးတွေဆိုရင် အဖော်လည်းရသလို အိမ်စောင့် ခြံစောင့်အတွက်လည်း စိတ်ချရတဲ့အတွက် မွေးတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာ ခွေးချစ်တတ်တဲ့ပရိတ်သတ်ကြီးတွေ ဖြစ်နိုင်ရင် ချက်ချင်းခေါ်ပြီးမွေးချင်စိတ်ပေါက်သွားမယ့် ခွေးကြီးတစ်ကောင်အကြောင်းကိုပြောပြချင်ပါတယ်။

သူ့နာမည်ကတော့ Zeusလို့ခေါ်ပြီးတော့ နတ်ဘုရားတစ်ပါးရဲ့ နာမည်ကို မှည့်ခေါ်ထားတာပဲဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာအရပ်အမြင့်ဆုံးခွေးကြီတစ်ကောင်အဖြစ်လည်း ဂရင်းနစ်စံချိန်ချိုးထားခဲ့ပါတယ်။ သူ့ကို မွေးထုတ်ပေးခဲ့တဲ့ ခွေးစုံတွဲဟာ သူ့အရပ်နဲ့ယှဉ်ရင် သုံးပုံ၁ပုံလောက်သာရှိပါသတဲ့။ Zeusရဲ့ အရပ်ဟာ ၄၄လက်မခန့်ရှိပြီးတော့ လက်နှစ်ချောင်းကိုရှေ့ပို့ပြီးမတ်တပ်ရပ်လိုက်မယ် ဆိုရင် ၇ပေကျော်လောက်ထိကို အရပ်ရှည်သွားမှာပဲဖြစ်ပါတယ်နော်။ သူရဲ့ကိုယ်အလေးချိန်ပေါင်ကတော့ အံ့သြစရာကောင်းလောက်အောင်ကို ၁၅၅ပေါင်လောက်ကိုလေးပါသတဲ့။ ဒါ ခပ်ဝဝလူတစ်ယောက်ရဲ့ အလေးချိန်လောက်ကိုရှိတာပါ။

သူ့ကိုမွေးထားတဲ့ပိုင်ရှင်ကတွေကတော့ Kevin Doorlage မိသားစုပဲဖြစ်ပါတယ်။ ဒီခွေးကြီးဟာ Doorlageမိသားစုနဲ့အရမ်းရင်းနှီးပြီး အရမ်းလည်းလိမ္မာလွန်းတာကြောင့် မြင်သမျှတွေ့သမျှလူတိုင်းကအချစ်တွေပိုနေခဲ့ရပါတယ်နော်။ ဒီမိသားစု ရဲ့ပြောပြချက်တွေအရတော့ ဒီခွေးလေးသူတို့လက်ထဲကိုရောက်တဲ့အချိန်မှာ ၂လခွဲသားလေးပဲရှိပါသေးတယ်တဲ့။ ပြီးတော့ Zeusသေဆုံးသွားတဲ့အချိန်မှာတော့ သူဟာ အသက် (၅)နှစ်သာရှိပါသေးတယ်။ Zeusဟာနေမကောင်းလို့ သူသေခါနီး ဆေးရုံတက်နေရတဲ့အချိန်မှာတောင် ပိုင်ရှင်တွေထံသတင်းလာမေးတဲ့ သူတွေနဲ့ သူ့ရဲ့မိသားစုဝင်တွေကို ပွတ်သီးပွတ်သပ်လေးလုပ်ကာ သူသေမှာသိလို့နှုတ်ဆက်နေသလို အမူအရာလေးတွေလုပ်နေခဲ့ပါသတဲ့။ ကဲ.... ချစ်ပရိတ်သတ်ကြီးကော ဒီလောက်ချစ်ဖို့ကောင်းပြီး လိမ္မာလွန်းတဲ့ခွေးလေးတစ်ကောင်လောက်မလိုချင်ကြဘူးလား?

Source : abcnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။