မတ်လ ၃၁ ရက်နေ့ မကြာသေးမီက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ အောင်လအန်ဆန်းတို့ရဲ့ ပွဲကောင်းကြီးကိုတော့ အားလုံးကြည့်ရှု့မိကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတိုင်းကို အချိန်အတိုတွင်း ထိုးသတ်လေ့ရှိတဲ့ အောင်လအန်ဆန်းကတော့ မနေ့က ပွဲမှာလည်း ဒုတိယအချီနဲ့အလဲထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒုတိယအကြိမ် တိုကျိုမြို့ပြိုင်ပွဲမှာတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ အစောဆုံး အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည်တွင်းပြည်ပကြည့်ရှု့သူများစွာရှိခဲ့ပြီး အောင်လအန်ဆန်းရဲ့ နိုင်ပွဲကို ချီးကြူးဂုဏ်ပြုခြင်းတွေပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။    

ပွဲအစမှာပဲတိုက်စစ်ဖွင့်ထိုးသတ်ခဲ့ပြီး ပြင်းထန်တဲ့အောင်လအန်ဆန်းရဲ့ ခြေကန်ချက်တွေနဲ့ လက်သီးချက်တွေ ကြောင့် ခန်ဟစဲဂါဝါတစ်ယောက် နံရိုးကြိုး၊ကာ အဆုပ်ထဲသွေးယိုမှုတွေပါ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲအပြီး ဆေးရုံသို့ တခါတည်း ပို့ဆောင်ခဲ့ရပြီး အဆုပ်ထဲသွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေနဲ့အတူ သွေး နှစ်လိတာခန့်သွင်းခဲ့ရကြောင်း သိရပါတယ်။ ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြီးစီးနိုင်ခဲ့ပေမယ့်လည်း အချိန်တော်ကြာအနားယူရဖို့ရှိနေကြောင်း သိရပါတယ်။  

အဆိုပါပြိုင်ပွဲမစမီကတည်းက အောင်လအန်ဆန်းကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် ပြင်းထန်တဲ့ကန်ချက်ဗီဒီယိုဖိုင်လေးတစ်ခုကို ပြသထားတာတွေ့ရပါတယ်။ ၎င်းဗီဒီယိုဖိုင်လေးထဲမှာတော့ လူ့တစ်ရပ်ကျော်ရှိ ငှက်ပျောပင်ကို ခြေကန်ချက်အမိုက်စားနဲ့ တစ်ချက်တည်း အလဲကန်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ ပြိုင်ဘက်ဖိုက်တာတိုင်းကို ထိပ်လန့်စေခဲ့တဲ့ အောင်လအန်ဆန်းရဲ့ အဆိုပါ ခြေကန်ချက်ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။