အင်္ဂလန်လက်ရွေးစင်အသင်းမှာသာမကမန်ချက်စတာယူနိုက်တက်အသင်းမှာပါခြေစွမ်းပြပြီးဂိုးတွေသွင်းယူနိုင်တာကြောင့်ပရိသတ်တွေယနေ့တိုင်ချစ်ခင်နေရတာကတော့ရွန်းနီပဲဖြစ်ပါတယ်။သူကတော့ပြေးအားမှာသာသူများထက်သာရုံသာမကကန်ချက်တွေမှာလည်းအားပြင်းပြင်းနဲ့ကန်လေ့ရှိတာကြောင့်အသင်းကိုနိုင်ပွဲတွေယူပေးပြီးပရိသတ်အချစ်တွေသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။

သူကတော့ခုချိန်မှာမေဂျာလိဒ်ကလပ် DC Unitedအသင်းမှာကစားနေတာဖြစ်ပါတယ်။သူကတော့အသက်အရွယ်ရလာပြီဖြစ်ပေမယ့်လည်းခြေစွမ်းတွေကတော့ယနေ့တိုင်အကောင်းဆုံးအနေထားမှာရှိနေတာဖြစ်ပါတယ်။မေဂျာလိဒ်မှာလည်းသူ့ရဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယနေ့တိုင်ယူပေးနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ရွန်းနီကတော့ကန်ချက်အားကောင်းရုံသာမကဖရီးကစ်တွေမှာလည်းပရိသတ်တွေသာမက ကစားသမားအချင်းချင်းတောင်အားကျအတုယူစေတဲ့စွမ်းဆောင်ရည်တွေလည်းရှိနေတာပါ။DC Unitedအသင်းမှာလည်းဖရီးကစ်တွေနဲ့အကောင်းဆုံးဂိုးတွေသွင်းယူပေးနေတာပါ။အသက်တွေကြီးနေပေမယ့်လည်းအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်နေသေးတဲ့ရွန်းနီရဲ့ဖရီးကစ်ဂိုးလေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:United Mindset

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။