ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ နေတိုးအစည်းအဝေးပွဲကျင်းပခဲ့ပါတယ်။

၎င်းအစည်းအဝေးပွဲအတွင်းမှာတော့ အမေရိကန်ဒုသမ္မတ မိုက်ပန့်ဟာ တူရကီနိုင်ငံဘက်ကို သတိပေးပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူပြောခဲ့တာကတော့ တူရကီနိုင်ငံအနေနဲ့ ရုရှားနိုင်ငံဆီကနေ S-400 လေကြောင်းကာကွယ်ရေးစနစ် မဝယ်ယူဖို့ သတိပေးပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ပန့်ကတော့ “တူရကီနိုင်ငံအနေနဲ့ ကမ္ဘာ့သမိုင်းမှာ အအောင်မြင်ဆုံးစစ်ရေး မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိချင်သေးလား ၊ ဒါမှမဟုတ် မဟာမိတ်ဖြစ်မှုကို အထိခိုက်ခံပြီး ထင်ရာစိုင်းဆုံးဖြတ်ကာ ရုရှားဆီက ကာကွယ်ရေးစနစ် ဝယ်ယူချင်သလား “ တခုတော့ရွေးချယ်ရမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

နေတိုးအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ယန်းစတိုလန်ဘာဂ့်ကတော့ အခုဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တူရကီနဲ့ အမေရိကန် နှစ်နိုင်ငံအနေနဲ့ ဒီပြသနာကို ပူးပေါင်းအဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။