နစ်ဆန်းကာကုမ္ပဏီရဲ့ ဥက္ကဌဟောင်း ကားလို့ဂွန်းဟာ ပြီးခဲ့တဲ့ လပိုင်းကမှတရားစွဲဆိုခံရမှုကနေ ဒဏ်ငွေဆောင်ပြီးလွတ်လာခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ ဂျပန်အစိုးရ ရှေ့နေတွေက သူ့ကို တရားစွဲဆိုဖို့ ထပ်မံပြင်ဆင်နေတယ်လို့ သိရပါတယ်။

၎င်းအစိုးရရှေ့နေတွေဟာ ကားလို့ဂွန်းဦးဆောင်စဉ်က နစ်ဆန်းကုမ္ပဏီဟာ အိုမန်နိုင်ငံက လုပ်ငန်းပါတနာတဦးကို သံသယဖြစ်ဖွယ် ငွေပေးချေခဲ့တာတွေနဲ့ပတ်သတ်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂွန်းစ်ရဲ့ ပြောခွင်ရပုဂ္ဂိုလ်တစ်ဦးဟာဆိုရင်လည်း ဂွန်းဟာ ထိပ်တန်းမော်တော်ကားရောင်းချသူဖြစ်တာကြောင့် အိုမန်ကုမ္ပဏီကို ၉ နှစ်ကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၃၂ သန်းပေးခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

သို့ပေမယ့် ဂျပန်အစိုးရရှေ့နေတွေဟာ လက်ရှိအချိန်မှာ အစိုရရှေ့နေရုံးက လူတွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး ဂွန်းကို ယုံကြည်မှု ချိုးဖောက်မှုနဲ့ တရားထပ်မံဆွဲလို့ရနိုင်မလား ဆုံးဖြတ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။