မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ၃ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီပဲဖြစ်ပါတယ်။

သူကတော့ 1MDB ရန်ပုံငွေနဲ့ပတ်သတ်တဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ စစ်ဆေးခံခဲ့ရတာပဲဖြစ်ပါတယ်။

နာဂျစ်ကတော့ လက်ရှိအချိန်မှာ မလေးရှားဖွံဖြို့းတိုးတက်ရေး နိုင်ငံတော်ရန်ပုံငွေ 1MDBကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျီယံကို ငွေးကြေးခဝါချတာနဲံ ပတ်သတ်တဲ့ စွဲချက် ၇ ခုကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ယခုတရားစွဲဆိုးမှုဟာ SRC International ကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းက နာဂျစ်ရဲ့ငွေစာရင်းထဲ ရောက်လာတာနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

သို့ပေမယ့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ ဒီစွဲချက်တွေဟာသူနဲ့ဘာမှမပတ်သတ်သလို သူဘာအမှားမှ မလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် သူဟာ ဒါတွေအကုန်လုံးဟာ နိုင်ငံရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့လည်း ပြောကြားထားကြောင်း သိရပါတယ်။

Source – dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။