မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဂ်ဘာက စာချုပ်သက်တမ်းတိုးဖို့ရှိပေမယ့်လည်းကြာနေခဲ့ပါတယ်။ကစားသမားဘက်က တပတ်ကို လုပ်ခလစာ ပေါင် ၅ သိန်းအထိရဖို့ မျှော်လင့်နေတာဖြစ်ကြောင့်သူတို့စာချုပ်ကိစ္စကစိတ်ဝင်စားဖို့ကောင်းနေပါတယ်။မန်ယူအသင်းမှာခြေစွမ်းပြကစားနိုင်တာကြောင့်စပိန်ထိပ်သီးအသင်းတွေလည်းသူ့ကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ပေါ့ဂ်ဘာက အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်ချင်နေတာဖြစ်ပါတယ်။သူဟာ လက်ရှိမှာ တပတ်လုပ်ခ ပေါင် ၃ သိန်း ဝင်ငွေရှိနေတာဖြစ်ပေမယ့်လည်းအသင်းမှာလစာအမြင့်ဆုံးလိုချင်နေတာပါ။မန်ယူအသင်းကလည်းသူတို့ရဲ့အဓိကကစားသမားအတွက်ပေးဖို့ရှိနေတာဖြစ်ပါတယ်။

လတ်တလောမှာ သူ့ကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။မန်ယူနည်းပြ ဆိုးလ်ရှားလ်ကတော့ ပေါ့ဂ်ဘာဟာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ကာလကြာရှည် ဆက်ရှိနေဖို့ မျှော်လင့်ထားတာပါ။ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂ နှစ် ကျန်နေပေမယ့် အသင်းက နောက်ထပ် ၁ နှစ်ထပ်တိုးဖို့ အခွင့်အရေး ရှိနေတာဖြစ်ပြီးမန်ယူအသင်းမှာပဲဆက်ရှိမလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။