ဘောလုံးအားကစားနည်းဆိုတာတစ်ယောက်တည်းအားနဲ့ကစားရတာမဟုတ်ပဲအသင်းလိုက်စည်းစည်းလုံးလုံးနဲ့ကစားရတဲ့ကစားနည်းဖြစ်ပါတယ်။ဒါကြောင့်လေ့ကျင့်ခန်းအစီစဉ်တွေမှာကစားသမားအချင်းချင်းနားလည်မှုရဖို့အတွက်လုပ်နေကြတာပါ။တစ်သင်းလုံးစည်းလုံးညီညွတ်မှနိုင်ပွဲတွေအောင်မြင်မှုတွေနဲ့ပရိသတ်တွေကိုပျော်ရွှင်စေတာဖြစ်ပါတယ်။

ဘောလုံးကစားနည်းမှာတစ်ဦးချင်းစီကလည်းကစားရာနေရာမှာအရေးကြီးသလိုအနာခံပြီးလည်းကစားကြတာဖြစ်ပါတယ်။ရှေ့တန်းကစားသမားတွေကလည်းမိမိအသင်းအနိုင်ရဖို့ကြိုးစားရသလိုကွင်းလယ်ကစားသမားတွေကလည်းတိုက်စစ်မှူးတွေဂိုးသွင်းနိုင်ဖို့အတွက်ပံ့ပိုးပေးရတာဖြစ်ပါတယ်။သူတို့တွေကနိုင်ပွဲတွေရဖို့ကြိုးစားရသလိုခံစစ်သမားတွေဂိုးသမားတွေကလည်းဂိုးမပေးရဖို့အနာခံတားဆီးရတာဖြစ်ပါတယ်။

ခုမှာလည်းအိန္ဒိယကစားသမားတစ်ဦးဟာမိမိအသင်းဂိုးမပေးရဖို့ကိုအနာခံပြီးဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီvideoလေးကလည်းလူမှုကွန်ရက်မှာနာမည်ကြီးနေပြီချီးကျူးမှုတွေရှိနေတာပါ။သူဟာဘောလုံးကိုဂိုးမပေးရအောင်ဖျက်ထုတ်လိုက်နိုင်ခဲ့ပေမယ့်ဒဏ်ရာတော့အပြင်းအထန်ရရှိသွားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းအနာခံပြီးဂိုးမပေးရအောင်ဖျက်ထုတ်ပေးခဲ့တဲ့ကစားသမားလေးရဲ့စွမ်းဆောင်ရည်လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:DJ Vаdim

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။