ပလိုင်းမောက် တက္ကသိုလ်မှာ 3D-design ပညာရပ်ကို သင်ကြားနေတဲ့ အသက်(၂၂)နှစ်အရွယ် ဂျက်ဒီဗာနေးဟာ သားသတ်သမားအလုပ်ကို အချိန်ပိုင်းအလုပ်အဖြစ် (၉)နှစ်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိဖို့အတွက် ကြွက်သေတွေကို အသုံးပြုပြီး စာရေးကိရိယာ ပြုလုပ်ဖို့ အကြံရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိရစ္ဆာန်အသေတွေကို ဘောပင်ထည့်တဲ့ အိတ်တွေအဖြစ် စာရေးကိရိယာအသုံးအဆောင်တွေ အဖြစ် ပြောင်းလဲအသုံးပြုတဲ့ ဗြိတိန်ကျောင်းသားတစ်ဦးပေါ့။ ဒီဗာနေးဟာ ပထမဦးဆုံး အိမ်မွေးတိရစ္ဆာန်အထွေထွေ အရောင်းဆိုင်မှာ မြွေအစာအဖြစ် ရောင်းချတဲ့ အေးခဲကြွက်သေတွေကို အသုံးပြုပြီး ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။ သူပြုလုပ်ထားတဲ့ ကြွက်သေနဲ့လုပ်ထားတဲ့ ဘောပင်ထည့်တဲ့ခွက်တွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာ လူအများက စိတ်ဝင်စားပြီး မှာယူခဲ့ကြပါတယ်။ 

အဲ့ဒီနောက် ရှည့်တွေ၊ ယုန်တွေနဲ့ ပြောင်းလဲ စမ်းသပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီဗာနေးဟာ အခုချိန်မှာတော့သူ့ရဲ့လက်ရာကို ကမ္ဘာတစ်ဝှမ်းက မှာယူနေကြပါပြီ။

Source: Weird Taxidermy: British Student Turns Dead Animals Into Pencil Cases

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။