လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြ ပြီး ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။

လျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံတောထဲမှာ နေထိုင်ကျက်စားလေ့ရှိကြပြီး အသက်ရှုဖို့အတွက် ရေမျက်နှာပြင် ပေါ်သို့ မကြာခဏတက်လေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ်အသုံးချတတ်ကြပါတယ်။

လျှပ်စစ်ငါးရှဉ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့်ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။