လက်ရှိအချိန်မှာဆိုရင် facebook ဟာ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဒါမှမဟုတ် သတင်းအချက်အလက်အမှားတွေကို ဖြန့်ဖြူးဖို့အတွက် ဖွင့်လှစ်ထားတဲ့ အကောင့်တွေ page တွေကို စတင်ဖျက်နေပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာဆိုရင်လည်း ဖေ့ဘွတ်ဟာ မယုံကြည်ရတဲ့ အပြုအမူတွေမြင်ရတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံက ဖွင့်ထားတဲ့ အကောင့် ၇၂၁ ခုနဲ့ page ၃၉၀ တို့ကိုဖျက်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့ဖျက်ချခဲ့တဲ့ အကောင်းအများအပြားကတော့ အိန္ဒိယရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ ကွန်ဂရက်စ်ပါတီနဲ့ ပတ်သတ်နေတယ်နေသလို အခြားအကောင့်တွေကတော့ ပါကစ္စတန်စစ်တပ်နဲ့ ပတ်သတ်နေတယ်လို့ သိရပါတယ်။

အခုလိုအကောင့်တွေကိုဖျက်ချဖို့ သုံးသပ်စစ်ဆေးနေတဲ့ကာလအတွင်းမှာဆိုရင်လည်း ဖေ့ဘွတ်ကုမ္ပဏီဟာ မိုဒီရဲ့လက်ရှိအာဏာရ ဘီဂျေပီပါတီကို ဝေဖန်တဲ့စာတွေ အပါအဝင် အခြားသောစာတွေကို ဖြန့်ဖြူးနေတဲ့သူတွေဟာ အိန္ဒိယ အမျိုးသားကွန်ဂရက်စ် (အိုင်အန်စီ) ရဲ့ အိုင်တီကလာပ်စည်းတွေနဲ့ ပတ်သက်နေတာကို သိရှိခဲ့ရတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။