ဘရူနိုင်း နိုင်ငံမှာတော့ လိင်တူချင်း ချစ်ခင်နှစ်သက်သူတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို သေဒဏ်ပေးတဲ့ အပြစ်ဒဏ်ကိုချမှတ်ထားပါတယ်။

ဒါ့ကြောင့် ဘရူနိုင်း ကျင့်သုံးတဲ့ ၎င်းဥပဒေကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကဆိုရင်လည်း ဗြိတိန်နိုင်ငံ လေဘာတီပါတီဝင် လူးဝစ်ကောက်စ် ဦးဆောင်တဲ့ အဖွဲ့ဟာ လန်ဒန်မြို့မှာရှိတဲ့ ဘရူနိုင်းဘုရင့်စံအိမ် အပြင်ဘက်မှာ သူတို့ရဲ့ အထိမ်းအမှတ်သက်တံရောင် အလံတွေကိုကိုင်ဆာင်ရင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

လူးဝစ်ကောက်ရဲ့ ပြောကြားချက်အရဆိုရင်တော့ ဘရူနိုင်းနိုင်ငံအတွင်းက လိင်တူချင်းဆက်ဆံသူတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ ဧပြီလ ၃ ရက်နေ့နောက်ပိုင်းကစပြီး မသေမချင်း ကျောက်တုံးနဲ့ ပစ်ပေါက်သတ်ဖြတ်ခံရလိမ့်မယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံတော်တေ်ာများများဟာ ဘရူနိုင်းနိုင်ငံကို ၎င်းဥပေဒေမကျင့်သုံးဖို့ တိုက်တွန်းပြောဆိုနေပေမယ့် ထူခြားမှုတစုံတရာမရှိသေးပါဘူး။

ဒါ့အပြင် အခုလို ဥပေဒေကြီးကတော့ ဘရူနိုင်းနိုင်ငံထဲက LGBT စုံတွဲလေးတွေအတွက် အလွန်ပြင်းထန်လှတဲ့ ဥပဒေကြီးတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက ပြစ်တင်ပြောဆိုနေကြပါတယ်။

source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။