မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ရဲ့ မြန်မာဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ မေမြင့်မိုရ်ကတော့တစ်ခဲနက် အားပေးဝန်းရံကြတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ မေက ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ 

မေမြင့်မိုရ်ကတော့ ချစ်စရာကောင်လွန်းတဲ့ အပြုံးလေးတွေ မြန်မာဆန်တဲ့ ပုံရိပ်လေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကိုရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ယခုမှာရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကြော်ငြာတွေလဲ အတူရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။  

ယနေ့မှာတော့ မေမြင့်မိုရ်တစ်ယောက် မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်နဲ့ starawaedsကချီးမြှင့်တဲ့ ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Rising Star Female Award မေမြင့်မိုရ်ကတော့ "(မိုးပန်းပွင့်ရဲ့သင်္ကေတ)ရုပ်ရှင်

အရမ်းပျော်ပါတယ် မေ့ကိုဆုရစေချင်ပြီးဆုတောင်းပေးကြတဲ့သူတွေရော ချစ်ရတဲ့ပရိသတ်တွေရော Maymily လေးတွေရော ကျေးဇူးများကြီးတင်ပါတယ် ပျော်စရာအမှတ်တရညလေးပါ

ဆုချီးမြှင့်ပေးတဲ့ Star Awards မှတာဝန်ရှိလူကြီးမင်းများအားလုံးကိုလဲကျေးဇူးအထူးတင်ပါတယ်ရှင့်အားလုံးကိုအရမ်းချစ်ပါတယ်ရှင့်"ဆိုပြီးေ ရးသားထားပါတယ်။

source: မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။