ချစ်သူသက်တမ်းနှစ်နှစ်အကြာမှာ မခွဲနိုင်မခွာနိုင်ဖြစ်နေကြတဲ့သူတို့။ သူတို့နှစ်ယောက်ပြတ်သွားကြပြီဆိုတဲ့ ကောလဟာလတွေထွက်နေကြတဲ့ အတောအတွင်းမှာ Lengend of the Blue Sea မင်းသား Lee Min Ho နဲ့ သူ့ရည်းစား Suzy တို့ရဲ့အချစ်က ခိုင်မြဲနေတုန်းပါပဲဆိုတာကို ချစ်သူသက်တမ်းနှစ်နှစ်ပြည့် ညစာပါတီအကျဉ်းချုံးကျင်းပလိုက်ခြင်းဖြင့် သက်သေပြလိုက်ပါတယ်။

Soompi ဆိုဒ်ကနေဖော်ပြချက်အရဆိုရင် သူတို့ချစ်သူသက်တမ်းနှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများနဲ့စုပြီး ညစာအတူစားခဲ့ကြပါတယ်။ နှစ်ယောက်စလုံးက သူတို့နှစ်ယောက်အတူရှိနေတုန်းပဲဆိုတာကို သိပ်ပေါ်ပေါ်ထင်ထင်တွဲမပြပဲ အတွင်းသိသူငယ်ချင်းတစ်ချို့နဲ့သာ ဒင်နာပါတီအသေးလေးလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Lee Min Ho နဲ့ Suzy တို့နှစ်ဦးစလုံးရဲ့ အေဂျင်စီမှာ ဒီဒင်နာပါတီသတင်းကို ဟုတ်သည်၊ မဟုတ်သည် ငြင်းချက်မထုတ်ခဲ့ပါဘူး။ “ကျွန်တော်တို့သတင်းတွေတက်လာတာကိုတွေ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အနုပညာရှင်တွေရဲ့ အတွင်းရေးဖြစ်တာကြောင့် တရားဝင်ထုတ်ပြန်ချက်တော့လုပ်မှာမဟုတ်ဘူး”  လို့ JYP Entertainment ကပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရှေ့ရေးအကြောင်းကို ပွဲတစ်ချို့မှာ ရံဖန်ရံခါပြောကြတဲ့အခါ Lee Min Ho ကသူနဲ့ Suzy လက်ထပ်ပြီး ပိုနီးကပ်တဲ့ ဆက်ဆံရေးမျိုးရှိချင်ကြောင်းကို ဖွင့်ပြောဖူးပါတယ်။လောလောဆယ်မှာတော့ Lee Min Ho တစ်ယောက် ဧပြီလမှာ စစ်မှုထမ်းရမယ့်ရက်ကို စောင့်နေပြီး စစ်ထဲမဝင်ခင်မှာ ပရောဂျက်တစ်ခုလောက်တော့ ရိုက်သွားချင်ကြောင်းကို ပြောပြခဲ့ပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။