ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော မိုးယုစံနဲ့ သဉ္ဇာနွယ်ဝင်းတို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြသလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတာသူတွေလည်း ဖြစ်ပါတယ်နော်..။

ရင်သွေးလေး မွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေ နည်းပါးသွားခဲ့ပေမယ့် မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်နော်..။

ဒီနေ့လေးမှာလည်း မိုးယုနဲ့ သဉ္ဇာတို့ နှစ်ယောက်အတူ အလှူ အခမ်းအနားပွဲလေးတစ်ခုကို တက်ရောက်ဖြစ်ခဲ့ကြပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း မိုးယုက ချစ်ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

ရှင်ပြုအလှူလေးကို တက်ရောက်ဖြစ်ခဲ့ကြတာ ဖြစ်ပြီး ကြည်နူးပီတိဖြစ်စရာ အလှူလေးနဲ့ အလှူရှင်မိသားစုအတွက်လည်း ဆုတောင်းစကားလေးဆိုထားတာလည်း တွေ့ရပါတယ်..။

"ရှင်ပြုအလှူ ပီတိဖြစ်စရာအလှူပွဲလေးပါ အကိုနဲ့အမလည်းဒီထက်မက အလှူရေစက် လက်နဲ့မကွားလှူဒါန်းနိုင်ပါစေ....

ယောင်းယောင်းတို့ရေ မောင်လေးနဲ့သိပ်မရိုက်ဖြစ်ဘူး သူပါတုန်းတင်လိုက်ပီ.." ဆိုပြီးတော့လည်း မောင်လေးနဲ့အတူ ပွဲတက်ဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - မိုးယုစံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။