ထိုင်းပရီးမီးယားလိဒ်ရဲ့ပွဲစဉ်၇ကိုတော့ဒီတစ်ပတ်မှာယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။ဒီတစ်ပွဲပွဲစဉ်တွေကတော့ပရိသတ်တွေအကြိုက်ပွဲစဉ်တွေဖြစ်ခဲ့ပြီးပြိုင်ဆိုင်မှုလည်းပြင်းထန်ခဲ့တာပါ။ပြီးခဲ့တဲ့အပတ်တွေကမြန်မာကစားသမားတွေဟာအသင်းအတွက်ဂိုးတွေသွင်းယူနိုင်ခဲ့တာကြောင့်ဒီတစ်ပတ်မှာတော့ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်ခဲ့တာပါ။

မြန်မာလက်ရွေးစင်အသင်းမှာခြေစွမ်းတွေပြပြီးပရိသတ်အချစ်တွေရယူထားတဲ့အောင်သူရဲ့မြောင်တောင်အသင်းကတော့ဒီတစ်ပတ်မှာလည်းရှုံးပွဲနဲ့ကြုံခဲ့ရပါတယ်။မြောင်တောင်အသင်းဟာထိုင်းလိဒ်ရဲ့ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပေမယ့်ဒီနှစ်မှာတော့ရလဒ်ကောင်းတွေမရပဲရှုံးပွဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

အောင်သူကတော့မြောင်တောင်အသင်းကိုရောက်ခါစကပုံမှန်ပွဲထွက်ခွင့်တွေ့ရပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်းနည်းပြရဲ့ပွဲထွက်ခွင့်မပေးမှုတွေေကြောင့်အရန်အနေနဲ့သာပါဝင်ခဲ့ရပါတယ်။ခုမှာတော့ရလဒ်ဆိုးတွေနဲ့ကြုံတွေ့နေရတဲ့နည်းပြကိုထုတ်ပယ်ပြီးနောက်နည်းပြသစ်ခန့်အပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒါကြောင့်အောင်သူဟာပွဲထွက်ခွင့်ရရှိပြီးခြေစွမ်းပြနိုင်တာဖြစ်ပါတယ်။မနေ့ကပွဲမှာလည်းပွဲထွက်ခွင့်ရပြီးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့အောင်သူရဲ့ခြေစွမ်းvideoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:SCG MuangThong Myanmar Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။