ကျွန်တော်တို့နိုင်ငံမှာ အများပြည်သူသုံးယာဉ်လိုင်းတွေ စီးတဲ့အခါ သံဃာတော်တွေ ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မိမိ ထိုင်တဲ့နေရာပေးကြတဲ့ ချစ်စရာ ကောင်းတဲု့ ဓလေ့လေးရှိပါတယ်။ ဘယ်လို ယာဉ်လိုင်းမျိုးမှာပဲ စီးစီး အခက်အခဲတွေ့ကြုံနေရတဲ့သူကို အဆင်ပြေအောင် ကူညီပေးလိုက်ခြင်းဟာ တစ်ခြားသူအတွက်လည်း အဆင်ပြေသွားသလို မိမိမှာလည်း ကုသိုလ်ကောင်းမှုတွေကို ရသွားစေနိုင်ပါတယ်။

ဒီလိုမျိုးပဲ အမရေိကန်နိုင်ငံ နယးယောခ့်မြို့ပေါ်မှာ မောင်းနှင်နေတဲ့ ရထားတစ်စင်းပေါ်ကို ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတက်လာခဲ့ပါတယ်။ အာ့အချိန်မှာပဲ အနားမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ သူမအတွက် နေရာဖယ်ပေးခဲ့ပါတယ်။ လအနည်းငယ်ကြာတဲ့အခါမှာတော့ သူမဟာ ထိုအမျိုးသားကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အထိမ်းအမှတ်ရုပ်တုလေးတစ်ခုကို လအနည်းငယ်ကြာတဲ့အခါမှာ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒီလို အထိမ်းအမှတ် လက်ဆောင်လေးကိုရသွားတဲ့ အမျိုးသားကတော့ အခုလို ကျေးဇူးတုံ့ပြန်တာကို ခံ၇တဲ့အတွက် အတိုင်းမသိ ဝမ်းသာခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ဒီလိုဆုတွေရဖို့အတွက် တမင်လုပ်လိုက်တာမဟုတ်ပဲ လူသားတစ်ဦးအနေနဲ့ လူသားဆန်ဆန် တစ်ဖက်သားအပေါ် ကူညီရိုင်းပင်းလိုက်တာပါလို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ပြုခဲ့တဲ့ ကောင်းကျိုးတွေကြောင့် စေတနာရောင်ပြန်ဟပ်တယ်ဆိုတာ ဒါမျိုးနေမှာပါ ပရိသတ်ကြီးရေ....

Source : Did U Know ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။