နိုင်ငံတကာသိုင်းပညာရှင်တွေနဲ့တန်းတူထိုးသတ်လေ့ရှိတဲ့ မြန်မာ့လက်ဝှေ့ပညာကိုတော့ ပရိသတ်တွေယနေ့အထိ ချစ်မြတ်နိုးကြမယ်ထင်ပါတယ်။ သူရဲကောင်းများစွာထွန်းလင်းခဲ့တဲ့ မြန်မာ့သမိုင်းမှာ လက်ဝှေ့ချန်ပီယံပေါင်းစုံလည်း ထွန်းလင်းခဲ့တာတွေ့ရပါတယ်။ အဆိုပါ လက်ဝှေ့ပညာရှင်တွေထဲမှာ နိုင်ငံတကာပွဲတွေနဲ့ ထိုးသတ်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်ဖိုက်တာကြီးတွေလည်း များစွာရှိခဲ့ပါတယ်။  

ဂျပန်နိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ မြန်မာလက်ဝှေ့နဲ့ ဂျပန်ကရာတေးပြိုင်ပွဲမှ ဗီဒီယိုဖိုင်အချို့ကတော့ ယနေ့အထိ ထင်ကျန်နေဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါ လက်ဝှေ့ ကရာတေးပြိုင်ပွဲကြီးမှာ ပြည်တွင်း ပရိသတ်တွေမသိရှိသေးတဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေ အကြိုက်တွေ့စေမယ်ထင်ပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ မြန်မာဖိုကတာ စောဇွဲလေးနဲ့ ဂျပန်ကရာတေး ချန်ပီယံ တစ်ဦးရဲ့ ထိုးသတ်မှုပဲဖြစ်ပါတယ်။ အချိန်တိုအတွင်း အလဲထိုးအနိုင်ယူခဲ့ပြီး မြန်မာပရိသတ်တွေသာမက ဂျပန်ပရိသတ်တွေပါ အားပေးမှုအပြည့်ရရှိခဲ့တာတွ့ရပါတယ်။ အချိန်အတော်ကြာရှိခဲ့ပေမယ့် ယနေ့အထိကြည့်ရှု့သူတိုင်းကို ကျေနပ်စေခဲ့တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - ပိုင်စိုးထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။