ဒီနေ့မနက်ပိုင်းမှာတော့အင်္ဂလန်ပရီးမီးယားလိဒ်ပွဲစဉ်တစ်ချို့ကိုယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ရလဒ်ဆိုးတွေကြောင့်ဖိအားတွေနဲ့များနေတဲ့ဆာရီရဲ့ချယ်လ်ဆီးအသင်းကတော့ဒီနေ့ပွဲမှာဝက်ဟမ်းအသင်းကိုခြေအသာနဲ့ကစားခဲ့ပြီး(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာဒီပွဲနိုင်ရင်ချန်ပီယံလိဒ်ဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိတာကြောင့်ပိုအားထုတ်ခဲ့ပြီးအကောင်းဆုံးကစားပြသွားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာသူတို့ရဲ့လူစာရင်းမှာအစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီးပွဲချိန်တောက်လျောက်လုံးဖိအားပေးကစားခဲ့ပါတယ်။ပွဲချိန်၂၄မိနစ်မှာဟာဇက်ရဲ့တစ်ကိုယ်တော်အစွမ်းတွေကနေချယ်လ်ဆီးအသင်းဦးဆောင်ဂိုးရရှိခဲ့ပါတယ်။လူ၄ယောက်၅ယောက်ကိုလိမ်ခေါက်ပြီးဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့သွင်းဂိုးကတော့မြင်ရဖို့ရှားတဲ့သွင်းဂိုးမျိုးဖြစ်ပြီးပရိသတ်တွေချီးကျူးခဲ့ကြရတာပါ။

ချယ်လ်ဆီးအသင်းဟာဒုတိယပိုင်းမှာလည်းဖိအားပေးကစားခဲ့ပေမယ့်ဝက်ဟမ်းရဲ့နောက်တန်းကိုတော့မကျော်နိုင်ခဲ့ပါတယ်။ဝက်ဟမ်းအသင်းကလည်းခြေပဂိုးရဖို့ကြိုးစားသွားခဲ့ပေမယ့်ချယ်လ်ဆီးနောက်တန်းကိုမကျော်ခဲ့ပါတယ်။ဒီလိုနဲ့ကစားလာရင်းပွဲကစားချိန်မိနစ်၉၀မှာတော့ဟာဇက်ကပဲအားပြင်းပြင်းနဲ့ကန်သွင်းပြီးအနိုင်ရခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာဒီပွဲအနိုင်ကြောင့်အမှတ်ပေးဇယားရဲ့အဆင့်၃နေရာကိုရောက်ရှိလာခဲ့ပါတယ်။

PHOTO:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။