၂၀၂၀တိုကျိုအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ခြေစစ်ပွဲတွေကစားနေတဲ့မြန်မာအသင်းဟာဒီနေ့မှာတော့ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲတွေကိုကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာခြေစစ်ပွဲပထမအဆင့်ကိုအောင်ပြီးနောက်ဒုတိယအဆင့်ခြေစစ်ပွဲတွေကိုယှဉ်ပြိုင်နေတာဖြစ်ပါတယ်။နောက်ဆုံးအဆင့်ခြေစစ်ပွဲကိုရောက်ဖို့ဆိုမြန်မာအသင်းဟာဒီပြိုင်ပွဲမှာအုပ်စုအဆင့်၁ရဖို့လိုနေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာတော့အုပ်စုပွဲ၂ပွဲကစားပြီးချိန်မှာ၆မှတ်ရဂိုးအသာနဲ့အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ဒီနေ့ညနေ၃နာရီခွဲမှာတော့အိန္ဒိယအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အိန္ဒိယအသင်းဟာလည်း၂ပွဲကစား၆မှတ်နဲ့အုပ်စုဒုတိယနေရာမှာဂိုးကွာခြားချက်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ဖို့ကြိုးစားနေတဲ့မြန်မာအသင်းအတွက်တော့ဒီနေ့ပွဲဟာအရေးကြီးတဲ့ပွဲဖြစ်လာပါတယ်။သရေတစ်မှတ်ကျရုံနဲ့နောက်ဆုံးခြေစစ်ပွဲယှဉ်ပြိုင်နိုင်မှာကြောင့်ဒီနေ့ပွဲကိုမြန်မာအသင်းဘယ်လိုခြေစွမ်းပြသွားမလဲဆိုတာစောင့်မျှော်အားပေးရင်းနဲ့ပြီးခဲ့တဲ့ပွဲvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။