ညီမလေးနီနီခင်ဇော်သိစေရန် ဆိုပြီး ယုန်လေးက သူခံစားချက်တွေကို ရင်ဖွင့်ထားတဲ့ စာလေးကိုတင်လိုက်ပြီးတဲ့နောက်မှာ

အခြား အနုပညာရှင်မောင်နှမများက လာရောက်အားပေးကြပါတယ် ။

နီနီခင်ဇော်ရယ်လို့ဖြစ်မလာသေးခင် Melody World ပြိုင်ပွဲဝင်ဘဝထဲက Jenny မိတ်ဆက်ပေးရာကသိကျွမ်းခဲ့ရာက

အသံအလွန်ကောင်းသူမို့ လက်တွဲခေါ်ကာ ဂီတလောကထဲနာမည်ရလာဖို့ အသိတွေကိုပါအကူအညီတောင်း ပံ့ပိုးပေးခဲ့ပေမယ့်

တကယ်တမ်းနာမည်ရလာတဲ့အခါ နာမည်ကြီးမှ သိကျွမ်းတဲ့သူတွေကိုပဲ အလေးထားပြီး နာမည်မရခင်ထဲက လက်တွဲခေါ်လာခဲ့တဲ့သူ့ကို

အလေးမထားဘူးရယ်လို့ စိတ်မကောင်းဖြစ်ရတာပါဆိုတဲ့ ယုန်လေးရဲ့ စာလေးကိုဖတ်ပြီး အခြားအနုပညာရှင်တွေရော

ပရိတ်သတ်တွေရောကပါ ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြပေမယ့် ယုန်လေးရဲ့စာထဲက အဓိကလူ

နီနီခင်ဇော်ဘက်ကတော့ ဘာတုန့်ပြန်မှုမှပြုလုပ်ခြင်းမရှိတာတွေ့ရပါတယ် ။

Source : yone lay  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။