စိုင်းစိုင်း နဲ့ ဝတ်မှုန်ရွှေရည်တို့နှစ်ဦးသားရဲ့ ဆက်ဆံရေးကဘယ်လိုများပါလိမ့် !

ယခင်ကချစ်သူတွေဖြစ်ခဲ့ဖူးတဲ့သူတို့နှစ်ဦးကတော့ လမ်းခွဲခဲ့ပြီး ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို

ခပ်စိပ်စိပ်အတူတူတွဲဖက်ပြီး ပြန်လည်လုပ်ကိုင်လာတာကိုတွေ့မြင်ရပါတယ် ။

ပွဲတွေအတူတူတက်တဲ့အခါ ဂရုစိုက်ပေးတဲ့စိုင်းစိုင်းရဲ့ အပြုအမူတွေနဲ့ လျှပ်တပြတ် ရိုက်ချက်ဓါတ်ပုံတွေမှာ

ပါဝင်လာတဲ့ အသက်ဝင်တဲ့ မျက်လုံးအကြည့်တွေကြောင့် သို့လောသို့လော တွေးတောနေကြတဲ့အချိန်မှာ

ဝတ်မှုန်ရွှေရည်က စိုင်းစိုင်းပေးတဲ့ လက်ဆောင်ဆိုပြီး သူရတဲ့လက်ဆောင်လေးတွေကိုထုတ်ပြလိုက်ပါတယ် ။

စိုင်းစိုင်းက သူ့ရဲ့ SAI cosmetix ကအသစ်ထွက်ရှိတဲ့ ပစ္စည်းလေးတွေကို မမေ့မလျော့ လက်ဆောင်လှမ်းပို့ပေးလိုက်တာပါ ။

ဝတ်မှုန်ရွှေရည်ကလဲ ပေးလိုက်တဲ့ လက်ဆောင်လေးနှစ်ခုကို စမ်းသုံးကြည့်ဖို့ကို အရမ်းစိတ်အားထက်သန်နေပါတယ်တဲ့ ။

လက်ဆောင်ပေးလို့ကျေးဇူးတင်ကြောင်းပြောရင်း နောက်ထပ် Beauty Blender နဲ့ eyeliner လေးလည်းပို့ပေးအုံးနော် ဆိုပြီး

ချစ်စဖွယ်ထပ်ပူဆာထားပါသေးတယ် ။

ုစိုင်းစိုင်းက သူ့ရဲ့ Cosmetic ပစ္စည်းတွေကို လူတိုင်းကိုလက်ဆောင်မပေးဘဲ ခင်မင်သူတွေကိုသာပေးတတ်တာဖြစ်ပါတယ် ။

သူတို့နှစ်ယောက်စလုံးကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ သူတို့ ဒီလိုအဆက်အသွယ်တွေပြန်ရှိလာတာကို ဝမ်းသာနေကြတာပါ ။

ဒီလက်ဆောင်လေးတွေကိုကြည့်ပြီး ဝတ်မှုန်ရွှေရည်နဲ့ကတော့ မိတ်ဆွေလိုပဲလား ... မိတ်ဆွေထက် ပိုသလားဆိုတာကိုတော့ ...

Myanmarload ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ ?

Source : Wut Mhone Shwe Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။