ထိုင်းလက်ရွေးစင်အသင်းကတော့အာစီယံမှာသာမကအာရှထိပ်သီးအသင်းတွေကပါလေးစားအထင်ကြီးရတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။အာစီယံဒေသတွင်းမှာအောင်မြင်မှုတွေကိုအများအပြားဆွတ်ခူးနိုင်ပြီးကစားသမားကောင်းတွေမွေးထုတ်ပေးနိုင်တာဖြစ်ပါတယ်။ထိုင်းအသင်းဟာလက်ရွေးစင်မရောက်ခင်ကတည်းကအသက်အပိုင်းအခြားအလိုက်အသင်းတွေမှာကလည်းကအကောင်းဆုံးလေ့ကျင့်သင်ကြားပေးပြီးမွေးထုတ်ပေးနေတာပါ။

ဒါကြောင့်ထိုင်းအသင်းဟာသက်တမ်းလိုက်ပြိုင်ပွဲတွေတိုင်းမှာလည်းအောင်မြင်မှုတွေယူတိုင်တာဖြစ်ပါတယ်။အာရှပွဲတွေမှာလည်းအာရှထိပ်သီးတွေကိုတောင်အနိုင်ယူလောက်တဲ့ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာပါ။သူတို့ရဲ့လူငယ်အကယ်ဒမီတွေအသင်းတွေကိုလည်းဥရောပထိပ်သိးအသင်းတွေနဲ့ခြေစမ်းပွဲကစားခြေပြီးလေ့ကျင့်ပေးတာဖြစ်ပါတယ်။

ခုမှာလည်းထိုင်းယူ၁၅အသင်းဟာဥရောပထိပ်သီးအက်သက်လက်တီကိုယူ၁၅အသင်းနဲ့ခြေစမ်းခဲ့တာဖြစ်ပါတယ်။ဒီခြေစမ်းပွဲမှာတော့အက်သက်လက်တီကိုယူ၁၅အသင်းက(၃-၂)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ထိုင်းယူ၁၅အသင်းဟာဒီပွဲမှာအပြန်အလှန်ဖိအားပေးကစားခဲ့ပြီးသွင်းဂိုးတွေလည်းသွင်းယူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့အပတ်ကလည်းစပိန်ထိပ်သီးဘာစီလိုနာယူ၁၅နဲ့ကစားခဲ့တာပါ။ခုလိုစပိန်ထိပ်သီးအသင်းတွေတောင်အပြန်အလှန်ကစားနိုင်တာကြောင့်တစ်ချိန်အာရှမှာဘယ်လိုရလဒ်တွေစွမ်းဆောင်နိုင်မလဲဆိုတာတော့စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:ช้างศึก

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။