၂၀၂၀ တိုကျိုအိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲတွေထဲကမြန်မာအသင်းပါဝင်တဲ့အုပ်စုပွဲစဉ်တွေကိုတော့မန္တလေးမြို့မန္တလာသီရိကွင်းမှာယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။မြန်မာအသင်းဟာမနေ့ကအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်အိန္ဒိယအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ကြပြီးတစ်ဖက်၃ဂိုးစီနဲ့သရေကျပြီးနောက်ဆုံးအဆင့်ခြေစစ်ပွဲအဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာသရေတစ်မှတ်ရတာနဲ့ခြေစစ်ပွဲနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပေမယ့်လည်းအကောင်းဆုံးကစားသွားခဲ့ပါတယ်။မြန်မာအသင်းဟာအဆိုပါပွဲမှာနောက်တန်းကအမှားများခဲ့ပေမယ့်အကောင်းဆုံးကစားပြီးနောက်ဆုံးအဆင့်ခြေစစ်ပွဲတွေဆီကိုတက်ရောက်သွားတာပါ။

ခြေစစ်ပွဲနောက်ဆုံးအဆင့်ကိုတက်ရောက်သွားတဲ့မြန်မာအမျိုးသမီးအသင်းကိုဂုဏ်ပြုဆုငွေတွေလည်းချီးမြှင့်ခဲ့ကြပါတယ်။မြန်မာအမျိုးသမီးအသင်းဟာခြေစစ်ပွဲနောက်ဆုံးအဆင့်မှာတော့အာရှထိပ်သီးအသင်းတွေနဲ့တူတူရေကုန်ရေခန်းကြိုးစားရတော့မှာဖြစ်တာကြောင့်ဘယ်လိုပြင်ဆင်မှုတွေနဲ့ခြေစစ်ပွဲအောင်ဖို့ကြိုးစားမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်မျှော်အားပေးရဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။