ထိုင်း-မြန်မာနယ်စပ် မဲဆောက်စစ်ဆေးရေးဂိတ်တွင် iPhone အတု အလုံး ၁၀၀ ကျော်နှင့် iPhone ဘူးအခွံ ၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဧပြီ ၃ ရက်နေ့က ထရပ်ကားတစီးအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာမှ အဆိုပါ ဟန်းဖုန်းအတုများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။

အဖမ်းခံထားသူမှာ အသက် ၄၆ နှစ်အရွယ် ထိုင်းနိုင်ငံသား ဂျန်ယာဒီးမတ်ဆိုသူဖြစ်ပြီး ထရပ်ကားနံပါတ်မှာ ဘန်ကောက်မှတ်ပုံတင်နံပါတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော ဖုန်းအတုများမှ တရုတ်နိုင်ငံလုပ်ဖုန်းများဖြစ်ပြီး ဖုန်းမော်ဒယ်များမှာ 4S မှ 6S စီးရီးများဖြစ်ကြောင်း၊ ၎င်းဖုန်းများကို မြန်မာနိုင်ငံမှတင်သွင်းလာခြင်းဖြစ်ပြီး မဲဆောက်မှ ဘန်ကောက်သို့ ပို့ဆောင်မည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆကြောင်း သိရသည်။

ရည်ညွှန်း-ဘန်ကောက်ပို့စ်

Source - NewsWatch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။