နေ့စဉ်ကြားသိနေရတဲ့ ယာဉ်တိုက်မှုသတင်းတွေထဲက အများဆုံးနဲ့ လူသေဆုံမှုစံချိန်တစ်ခုတင်ထားတာကတော့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပဲဖြစ်ပါတယ်။ လစဉ်တိုင်းမှာ အများဆုံးစံချိန်ရှိနေပြီး ယာဉ်တိုက်မှု တိမ်းမှောက်မှုနဲ့ လူသေဆုံးမှုတွေကတော့ မရေမတွက်နိုင်အောင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့အစောဆုံးမှာလည်း အဆိုပါအမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။   

အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ နံနက်အစောပိုင်းက ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၆၈/၁ အနီး တွင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ယာဉ်မောင်း သိန်းမြင့်အောင်၊ ၃၇နှစ်၊ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်လာသည့်. ယာဉ်အမှတ် 2N-3---I စိန်းနုရောင် (အလင်းတန်းခရီးသည်တင်ယာဉ်)ပခုက္ကူ မှ-ကျိုက်ထီးရိုးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားတွင် ကာရံထားသော ဘာရီယာ တုံးများအား ဝင်ရောက်တိုက်မိကာ တံတားအောက်ချောင်းရိုးအတွင်း ပြုတ်ကျပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား/မ ပေါင်း ၂၂ ဦး အနက် ၁၂ ဦး ခန့် ဒဏ်ရာ(စိစစ်စဲ) ရရှိခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်ရာနေရာသို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ သွားရောက်ကူညီစောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းိသရပါတယ်။ ဧပြီလ ၁၀ ရက်နေ့ ဒီကနေ့အစောဆုံးမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ်က ယာဉ်တိုက်မှုပုံရိပ်အချို့ကို ပြသရင်း ယာဉ်မောင်းသူတွေ သတိပြုမောင်းနှင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

pHOTOS - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။