အီတလီဝါရင့် ကွင်းလယ်ဖန်တီးရှင်ကြီး ပီယာလိုဟာ လာမယ့် နွေရာသီ အပြောငး်အရွှေ့မှာ ပရီးမီးယားလိဂ်ကို လာရောက်မယ်လို့ သိရပါတယ်။ သူဟာ ချယ်ဆီးနည်းပြကြီး ကွန်တီရဲ့ နည်းပြအဖွဲ့မှာ လာရောက်ပူးပေါင်းဖွယ် ရှိနေပါတယ်။ ချယ်ဆီးရဲ့ အီတလီ နည်းပြကြီး ကွန်တီဟာ အင်္ဂလန်အသင်းထံ ပြောင်းရွှေ့သွားတဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်ရဲ့ နေရာမှာ ပီယာလိုကို ခန့်အပ်ဖို့ အလိုရှိနေပါတယ်။

နယူးယောက်စီးတီးမှာ ကစားနေဆဲဖြစ်တဲ့ အသက် (၃၇)နှစ်အရွယ် ဂန္ထဝင်ကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက ချယ်ဆီးရဲ့ လေ့ကျင့်ရေးကွင်းမှာ ကွန်တီနဲ့ အတူရှိနေခဲ့ပါတယ်။ ကွန်တီနဲ့ ပီယာလိုဟာ အီတလီ အသင်းနဲ့ ဂျူဗီအသင်းတွေမှာ အတူ အလုပ်လုပ်ခဲ့ဖူးပြီး ရင်းနှီးတဲ့ဆက်ဆံရေးလည်း ရှိပါတယ်။ဒါကြောင့် နောက်နှစ်ဘောလုံးရာသီမှာ ပီယာလိုကို ခြင်္သေ့ပြာတို့ရဲ့ လက်ထောက်နည်းပြအဖြစ် တွေ့မြင်ရရင် အံ့သြစရာ သိပ်မရှိပါဘူး။

Credit - နေ့သစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။