သရုပ်ဆောင်မိုးယုစံကတော့ ဇာတ်ရုပ်အမျိုးသရုပ်ဆောင်ချက်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်တာကြောင့်အောင်မြင်နေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာအပြုံးလေးတွေကြောင့်လဲ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရယူပိုင်ဆိုင်ထားတဲ့ သူမကတော့ အလိုသိတဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားသလိုချစ်စရာသားလေးကိုလဲပိုင်ဆိုင်ထားသူပါ။  

မိုးယုစံကတော့ သားလေးကိုသာ အချိန်ပေးဂရုစိုက်နေရတာကြောင့် အနုပညာအလုပ်တွေ မလုပ်ကိုင်တော့တာပဲဖြစ်ပါတယ်။ သူမကတော့ အနပညာအလုပ်တွေနဲ့ ကင်းကွာနေပေမဲ့လဲ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေပါတယ်။ ယနေ့မှာတော့ မိုးယုစံဟာ နှစ်ကြာဝေးကွာခဲ့အပြီး အလန်းစားဆံပင်စတိုင်လေပြောင်းကာ ယခုနှစ်သြင်္ကန်ကို အပီအပြင်ကဲတော့မှာပဲဖြစ်ပါတယ်။

မိုးယုစံကတော့ " သြင်္ကန်ဆိုတော့ သြင်္ကန်အထာလေးလုပ်ကြည့်တာသြင်္ကန် နဲ့ဝေးတာ၂နှစ်လောက်ရှိပီ ဒီနှစ်တော့ နေပြည်တော်skynet မှာရှိမယ်နော် တခြားနယ်က ပရိတ်သတ်ကြီးနဲ့ဆုံချင်ပေမဲ့ နေပြည်တော်ကပရိတ်သတ်ကြီးနဲ့ကံစပ်လို့ နေပြည်တော် skynetမဏ္ဌပ် မှာရှိတာ ၄/၅နှစ်လောက်ရှိပီ ကြားမှာနားပေမဲ့ ဒီနှစ်ထပ်တွေ့ကြမယ်နော် " ဆိုပြီး ရေးသားထားပါတယ်။

SOURCE: မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။