သရုပ်ဆောင် ချစ်ချစ်ဇော် နှင့် လင်းဇာနည်ဇော် တို့ညီအမကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ ပရိသတ်အချစ်တော် အနပညာရှင်တွေပဲ ဖြစ်ပါတယ်။ ချစ်ချစ်ဇော် နှင့် လင်းဇာနည်ဇော်ဒါရိုက်တာမိုက်တီးတို့ဟာ အနပညာလောကမှာ ကိုယ်စီနာမည်တွေရရှိနေကြပြီး သူတို့အနပညာသွေးတွေဟာ ချစ်ဖေကြီး ဒါရိုက်တာ ဦးခင်ဇော်ဆီက စီးဆင်းလာတာပဲဖြစ်ပါတယ်။  

လင်းဇာနည်ဇော်ကတော့ ချစ်စရာကောင်းလွန်းတဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ မြူလင်းကိုကိုကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ ချစ်စရာမျက်နှာပေါက်လေးကြောင့် ဆယ်ကျော်သက်ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ လင်းဇာနည်ဇော်တစ်ယောက် သူမနဲ့ မျက်နှာပေါက်ချင်း ချွတ်စွတ်ဆင်တူတဲ့ သမီးလေး မြူလင်းကိုကိုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ထုတ်ဖော်လိုက်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ထုတ်ဖော်လိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

SOURCE: Lin Zarni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။