ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ အိမ်ရှင် အသင်းတွေ ရလဒ်ဆိုးခဲ့ပြီး ဘာစီလိုနာက အိုးထရက်ဖို့ဒ်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့တဲ့ ဘာစီလိုနာဟာ ပထမပိုင်း ၁၂မိနစ်မှာတင် ဦးဆောင်ဂိုး ရပြီးနောက် ထိန်းကစားခဲ့ပါတယ်။ အဲ့ဒီဂိုးကို ဆွာရက်ဇ်ခေါင်းတိုက်ရာက လု့ခ်ရှောလ်နဲ့ ထိပြီး Own Goal ဖြစ်သွားခဲ့ပါတယ်။

ဘာစီလိုနာတို့ ကစားကွက် ပျက်နေခဲ့ပေမယ့် အာတာ၊ ကော်တင်ညိုကိုထုတ်ပြီး နောက်ပိုင်းမှာ ကွင်းလယ်ကို ပြန်ထိန်းချုပ် ကစားလာနိုင်ခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ် အတွဲက အရင်လို အလုပ်မဖြစ်ပေမယ့် ကွင်းလယ်နဲ့ ခံစစ်ပိုင်းက တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့လို့ ဘာစီလိုနာအသင်း အိုးထရက်ဖို့ဒ်မှာ နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ မန်ယူနောက်ခံလူစမောလင်းရဲ့ လက်နဲ့ ထိခိုက်မိပြီး မက်ဆီတစ်ယောက် သွေးထွက်တဲ့အထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဘာစီကတော့ မက်ဆီရဲ့ ဒဏ်ရာအတွက် စိုးရိမ်မကင်းတာကြောင့် ဆေးစစ်ဆေးမှု ခံယူတော့မှာပဲဖြစ်ပါတယ်။ စမောလင်းနဲ့ ထိခိုက်မိတဲ့ မက်ဆီရဲ့ ဗီဒီယိုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

SOURCE: THE SUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။