ရွှေထူးကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသလို မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုလဲ အများအပြားရရှိထားသူပါ။ သူရဲ့ ခံစားချက်သီချင်းတွေကလဲ ပရိသတ်တွေရဲ့ ရင်ထဲကို ထိစေခဲ့ပါတယ်။ ရွှေမှုံလေးကလဲ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေသလို သူမပါဝင်ထားတဲ့ ရုပ်ရှင်ကားတွေဟာလဲ အောင်မြင်မှုတွေ ရရှိနေပါတယ်။ 

ရွှေရွှေတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံယူရရှိထားတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး အချိန်ခဏလေးအတွင်းမှာတင် အိမ်ထောင်သည်ဘဝကို အတူတည်ဆောက်ခဲ့ကြတဲ့ သူတို့စုံတွဲလေးက အခုဆိုရင် သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ရွှေထူးတစ်ယောက် ဇနီးဖြစ်သူ ရွှေမှုံလေးအရမ်းလိုချင်တဲ့ အိတ်ကလေးကို တိတ်တခိုးလေးဝယ်ပြီး surprise လုပ်ပေးလိုက်ပါတယ်။ ရွှေမှုံလေးကတော့ " ဒီအိတ်လေးကိုလို ချင်နေတာ ၂ လလောက်ရှိပြီ ဝယ်မယ်ဝယ်မယ်နဲ့ မဝယ်ဖြစ်ဘူး very limited ကို သူဘယ်လို မှာပေးလဲမသိ but finally he give me anni present မိန်းလိုချင်တာလေးကို surprise လုပ်ပေးလို့ ကျေးဇူးပါ ယောကျာ်းရယ် အရမ်းချစ်တယ်နော် " ဆိုပြီး ရေးသားထားပါတယ်။

source; ရွှေမှုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။