Myanmar Idol Season2 ကစပြီး ပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးရခဲ့တဲ့ အစီစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့ ဖက်ရှင်အလန်းနဲ့ ဒိုင် ဖြစ်သူ မြန်မာပြည်သိန်းတန် ကို အခုလို နှစ်ယောက်တွဲတွေ့ခဲ့ရင် ဘယ်လိုပြောချင်လဲ ပရိသတ်ကြီးရေ။

လူမှုကွန်ရက်ပေါ်မှာလည်း သူတို့နှစ်ယောက်ရဲ့ လက်သုံးစကားတွေဖြစ်တဲ့ မီးလေးခဏမှိတ်ပေးပါ ခဏနေရင်ပြန်လာခဲ့ပါမယ် နဲ့ အန်ကယ်တော့ နိုးပါ ဆိုတဲ့ စကားလုံးတွေကတော့ ခေတ်စားနေဆဲပါပဲ။

လက်တလောမှာတော့ ကျော်ထက်အောင် နဲ့ အန်ကယ်တို့ နှစ်ဦး ဟာ FM မှာ ထုတ်လွှင့်မယ့် ဆီဆိုင်ကြော်ငြာအတွက် မနေ့က နှစ်ယောက်သားအတူ အသံသွင်းခဲ့တယ်လို့ သိရပါတယ်။

Myanmar Idol စတိတ်စင်ပေါ်မှာ အပြန်အလှန်စနောက်ကြတဲ့ သူတို့နှစ်ဦးရဲ့ “မောင်ကျော်ထက်အောင် - ဗျာ” ဆိုပြီးတော့လည်း ကျော်ထက်အောင်တစ်ယောက် နောက်ပြောင်ကာ ရေးသားခဲ့ပါသေးတယ်။

ပရိသတ်ကြီး ရော နှစ်ယောက်လုံးကို ချစ်ကြသေးလား။  

သတင်းအရင်းမြစ် Kyaw Htet Aung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။