မော်ဒယ်သရုပ်ဆောင် ကပြားမလေးနဲ့တူတဲ့ ပတ်ထရစ်ရှာ(စူးရှနိုင်) ကတော့ ပရိသတ်တွေအခိုင်အမာရရှိနေပြီဖြစ်ပါတယ်။

ပရိသတ်အချို့က နိုင်ငံခြားသူလေးနဲ့တူတယ်လို့ သမုတ်ကြတဲ့ ပတ်ထရစ်ရှာ ဟာ အခုဆိုရင်တော့ “ဘိုမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ Suzi Knight ရဲ့ သမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ ဇာတ်ဝင်ခန်းပုံရိပ်အချို့ကို အခုလို သူမရဲ့ ဖေ့ဘုတ်စ်မှာ တင်ခဲ့ပါတယ်။

"ဘိုမ" film ကားကြီးမှာ ရှာရှာက အန်တီ Suzi Knight ရဲ ့သမီးအဖြစ်သရုပ်ဆောင်ထားပါတယ်ရှင့်

သားအမိ၂ယောက်တူရဲ့လားရှင့်?

ဘိုသွေးနှောထားတာ quarter လောက်ချင်းအတူတူကိုတောင် အန်တီ Suzi Knight ရဲ ့ဘို gene ကအရမ်း strong ဖြစ်လွန်းတော့ အသားအရေ ဆံပင်အရောင် မျက်လုံးအရောင်တွေက ဘိုအစစ်အတိုင်း original ပဲ ကံကောင်းလိုက်တာနော်!ရှာရှာကတော့ ဆံပင်အရောင်တွေဆိုး မျက်ကပ်မှန်တွေတပ်ပြီးအတင်းကိုအမှီလိုက်နေရတယ် ဟီးဟီးးး””

ရှာရှာကတော့ အထက်ဖော်ပြအတိုင်း မျက်ကပ်မှန်တွေတပ်ပြီး မတူတူအောင် အမှီလိုက်နေရတယ်လို့ သူ့ကိုယ်သူ ပြောပြထားပါတယ်။

ဘိုမ ရုပ်ရှုင်ဇာတ်ကားမှာ အောင်ရဲလင်းအပါအဝင် တခြားအနုပညာရှင်တွေလည်း တက်တက်ကြွကြွ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

ပရိသတ်ကြီးရော ရှာရှာ ကို ဘိုမ ပုံစံလေးနဲ့ မြင်ချင်နေကြပြီလား ။  

သတင်းအရင်းမြစ် Su Sha Naing FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။