အကယ်ဒမီပွဲတက်တုန်းက မိခင်စိတ်အပြည့်နဲ့ နို့တိုက်ခဲ့တဲ့ သရုပ်ဆောင် မေထွဋ်ခေါင် ရဲ့ ကြည်နူးစရာ မိသားစု ပုံလေးတွေပါ။

ပုံလေးမှာတော့ သူတို့မိသားစုပျော်ရွှင်မှုကိုခံစားသိမြင်တွေ့နိုင်ပါတယ်။

၂၀၁၆ခုနှစ် ကဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ထိမ်းမြားလက်ထက်ခဲ့ပြီး လက်ရှိအချိန်မှာတော့သမီးရတနာရရှိထားသလိုနာမည်ကိုတော့ မေနန်းစံလို့ ပေးထားပါတယ်။

သမီးလေးကို အောက်တိုဘာလမှာပဲမွေးခဲ့တာပါ။ 

ပြီးခဲ့တဲ့ မတ်လ(၁၈)နေ့က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ရင်ဘက်အရမ်းဟိုက်တဲ့ အကျႌကို သရုပ်ဆောင် မေထွဋ်ခေါင် ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရသလို အဆိုပါဝတ်စုံအကျႌချုပ်ပေးသူ ဒီဇိုင်နာက

“ မေထွဋ်ခေါင် ကို အကယ်ဒမီပွဲတတ်အတွက် ချုပ်ပေးဖို့ ပြောတဲ့ချိန် တုန်းက နှစ်ယောက်တိုင်ပင်ခဲ့တာက ပွဲတတ်တဲ့ ခါတိုင်းလို မဟုတ်ပဲ မေထွဋ်ခေါင်က လသားအရွယ် သားသည်မိခင်ဖြစ်နေတာက တကြောင်း မီးမီး လေးကို ပြင်ပအစာ နဲ့အခြားဖြည့်စွပ်စာ မကျွေးပဲ မိခင်နို့တမျိုးတည်း တိုက်ကျွေးနေရလို့ အိမ်မှာထားခဲ့လို့ မဖြစ်တာ ရယ် ကြောင့် အမ ရေ ပွဲတတ်ဖို့အခက်ဖြစ် နေခဲ့တော့ ညီမ တော့ ပွဲကိုခနပဲတတ်မယ် ပွဲစတာနဲ့ သမီးပြန်မယ် ခလေးကို ကားထဲခေါ်ထားရ ပါ့လိမ့်မယ်တဲ့ အကျီင်္ကိုလည်း သိပ်မဆန်းပဲ သမီးအခု ဝနေတာနဲ့လိုက်ဖက်အောင်သာစီစဉ်ပေးပါဆိုလို့ သူ့နဲ့လိုက်ဖက်မယ့်အရောင်ရယ် သူ နို့တိုက်လွယ်အောင် ချုပ်ပေးလိုက်တာ ပါ။ ”လို့ရှင်းပြခဲ့ပါတယ်။

Source: Elina Ma Kay Thi , မေထွဋ်ခေါင် ဖေ့စ်ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။