ရုပ်ရှင်ဇာတ်ကားကောင်းများကို မြန်မာပရိသတ်များအကြားလှုပ်ခတ်သွားအောင်ပြုလုပ်နိုင်ခဲ့သူတွေကတော့ ခီမောင်နှံပဲဖြစ်ပါတယ်။ သူတို့ရိုက်ကူးခဲ့တဲ့ “ ဥပါယ်တံမျဉ်” ဇာတ်ကားကြီးနှင့်“ မုဒြာခေါ်သံ” ဇာတ်ကားတို့ဟာ ယနေ့ထက်ထိပရိသတ်ပါးစပ်ဖျားမှာရေပန်းစားလျက်ရှိနေတာပါ။ 

သူတို့ဇနီးမောင်နှံဟာ အနုပညာအလုပ်ကိုစေတနာပါပါနဲ့ တက်ညီလက်ညီနဲ့လုပ်ကိုင်နေကြသူများဖြစ်ပြီး လိုက်ဖက်လွန်းတဲ့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ခီမောင်နှံဟာ သားလေး Noah လေးနဲ့အတူ ပျော်ရွှင်သောမိသားစုလေးကို ပိုင်ဆိုင်ထားပါသေးတယ်။   

ခီမောင်နှံဟာ “ နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားရောင်ခြည်တော်ဖွင့် ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ် သစ်သီး ပန်း ရေချမ်း ဆီမီး အမွှေးတိုင် ကပ်လှူပူဇော်ပြီးကုသိုလ်ယူဖြစ်ပါတယ်။ ရသမျှကုသိုလ်အကုန်လုံးကို FB မိတ်ဆွေများအားလုံး ကျနော်တို့ရဲ့ပရိတ်သတ်များအားလုံး နဲ့ ခုနှစ်ရက်သားသမီးအားလုံးတို့ကို အမျှပေးဝေပါတယ်။ အားလုံးကျမ်းမာရွှင်လန်းကြပါစေ။ ” ဆိုပြီး သူတို့ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပုံတွေကို ပရိသတ်တွေကိုဝေမျှထားတာပါ။ ပရိသတ်တွေအားလုံးကပါချစ်ခင်ကြပြီး ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းတဲ့ခီမောင်နှံရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Zenn Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။