ခရီးသွား ဝါသနာပါပြီး စွန့်စွန့်စားစား သွားရတာကိုမှ ပိုနှစ်သက်သဘောကျတဲ့ မော်ဒယ်လ်အွန်ဆိုင်းကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲမော်ဒယ်လ်တစ်ယောက်ဖြစ်သလို social media လောကမှာ အမျိုးသားပရိသတ်ဝန်းရံ အားပေးမှု အများဆုံးလက်ခံရရှိထားတာဖြစ်ပါတယ်..။ တိုင်းရင်းသူပီပီ ပွင့်လင်းပြီး သဘောကောင်းတဲ့ အတွက်ကြောင့် မိန်းကလေးပရိသတ် အများအပြားရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်...။

အွန်ဆိုင်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ပွဲလမ်းသဘင်တွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ...။ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်...။ gym ကိုစနစ်တကျနဲ့ အချိန်ပုံမှန်ဆော့လေ့ရှိတာဖြစ်ပြီး၊ ရေကူးကန်ထက်က ပုံရိပ်တွေဟာဆိုရင်လည်းတစ်ကယ့်ကို အမိုက်စားပင်ဖြစ်ပါတယ်...။ လူငယ်ပီပီ လွတ်လွတ်လပ်လပ် နေထိုင်တက်ပေမယ့် လူကြီးမိဘတွေ အပေါ်မှာတော့ လေးစားရိုသေသူတစ်ယောက်ဖြစ်ပါတယ်...။

အွန်ဆိုင်းက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကြည်လဲ့အေးမျှသော ပင်လယ်ပြင်ထက်မှာ အချိုးအစားပြေပြစ်ညီညာသော ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေ ပေါ်လွင်အောင် ဓာတ်ဖမ်းခဲ့တာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။