အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ Priyanka Chopra ဟာဆိုရင် တနင်္လာနေ့က ဖွင့်ပွဲတစ်ခုမှာ သူမဟာ ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆုံကိုဝတ်လာခဲ့ပါတယ်။ သူမကိုကြည့်လိုက်တိုင်း ပျော်ရွှင်နေတာကိုလဲ ပရိသတ်ကြီးက သူမရဲ့အပြုံးကိုကြည့်ချင်းအားဖြင့်သိရှိနိုင်ပါတယ်။ သူမဟာဆိုရင်လဲ Bollwood နဲ့ Hollywood မှာအောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်ယောက်ပဲဖြစ်ကာ ယောကျ်ားဖြစ်သူ Nick Jonas ဟာဆိုရင်လဲ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ရက်အနည်းငယ်မှာလဲသူမဟာ နယူးယောက်မြို့က အစီအစဉ်တစ်ခုမှာလဲ သူယောကျာ်းနဲ့ပတ်သတ်တဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ တနင်္လာနေ့ညက သူမတက်ရောခဲ့တဲ့ပွဲမှာဆိုရင် သူမဟာ အဝါရောင်နဲ့အဖြူရောင်စပ်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်လာခဲ့တာဖြစ်ပြီး သူမပုံစံကတော့ ရိုးရိုးလေးနဲ့လှနေပါတော့တယ်။ အဲ့ပွဲမှာတော့ သူယောကျ်ားဟာ အလုပ်ကိစ္စတွေနဲ့မအားတဲ့အတွက် ပါရောက်လာခဲ့ခြင်းမရှိပဲ Chopra တစ်ယောက်ထဲ ပွဲတော်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ စနေနေ့တုန်းက Nick ဟာ သူရဲ့ Animated ဇာတ်ကားအတွက် သွးားရောက်အသံသရုပ်ဆောင်နေခဲ့တာမို့ မအားတာပဲဖြစ်ပါတယ်။ 

နောက်တစ်နေ့မှာတော့ သူဟာ သူညီအစ်ကိုတွေဖြစ်ကြတဲ့ Kevin နဲ့ Joe တို့နဲ့အတူ ဓာတ်ပုံအတူတူရိုက်ကာ Instagram ပေါ်ကိုတင်ခဲ့ပါတယ်။ Chopra ကတော့ သူမလက်ထပ်ပြီးတဲ့ချိန်မှာ ရိုမန်တစ် comedy ကားတစ်ကားဖြစ်တဲ့ Isn't It Romantic ဆိုတဲ့ကားကိုရိုက်ကူးထွက်ရှိထားပြီး ယောကျ်ားဖြစ်သူရဲ့ Sucker သီချင်းမှာ ပါဝင်သရုပ်ဆောင်လို့ထားပါတယ်။ Sucker သီချင်းဟာဆိုရင်လဲ Jonas Brothers အဖွဲ့ရဲ့ ၁၀နှစ်လောက်ကြာပြီမှ ပြန်လည်ပေါင်းစည်းကာ ထုတ်ဝေတဲ့ ပထမဆုံးသီချင်းပဲဖြစ်ပါတယ်။ ခုချိန်မှာ Chopra ဟာ The Sky Is Pink ဆိုတဲ့ကားကိုရိုက်ကူးနေပြီး အောက်တိုဘာ ၁၁ရက်နေ့လောက်မှာ ထွက်ရှိဖို့ရှိပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။