ပြီးခဲ့တဲ့နှစ်နှစ်လောက်တုန်းက Justin Bieber ဟာဆိုရင် မတော်တဆယာဉ်တိုက်မှုတစ်ခုကို Los Angeles မြို့အနားက Saban Theater မှာဖြစ်ခဲ့ဖူးပါတယ်။ အဲ့ယဉ်တိုက်မှုမှာဆိုရင်တော့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ William Wilson ရဲ့ကားနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ သူက ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ကြောင်းကို ခုချိန်မှာ ပြောပြခဲ့ပါတယ်။ Bieber ကလဲအဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရဲတွေနဲ့အမှုစစ်ခဲ့ပေမဲ့ ဘာမှအပြစ်မရှိခဲ့ပဲ လွတ်သွားခဲ့ပါတယ်။  

ဒါပေမဲ့လဲ သူ့ကို အဲ့ယာဉ်တိုက်မှုဖြစ်နေတုန်းက ပုံကိုရိုက်ကူးနိုင်ခဲ့ပါတယ်။ ပုံထဲမှဆိုရင်တော့ အတိုက်ခံရသူနားသွားပြီး အဆင်ပြေရက်လားမေးနေတဲ့ပုံစံပဲဖြစ်ပါတယ်။ JB မောင်းလာတဲ့ကားဟာဆိုရင်လဲ ထရန့်ကား ပဲဖြစ်တာမို့ အတိုက်ခံရတဲ့သူ သိပ်ပြီး မထိခိုက်တာကိုပဲ တော်လှပါသေးတယ်။ အတိုက်ခံရသူ Wilson ကလဲ သူ့ကိုဘာမှအပြစ်မတင်ပါဘူး.....အပြစ်မတင်တဲ့အပြင် သူက ကောင်းမွန်တဲ့ ကလေးပါဆိုပြီးတော့တောင် ပြောခဲ့ပါသေးတယ်။ အဲ့လိုနားလည်မှုပြည့်ပြည့်၀၀ရှိဖို့ဆိုတာ ခပ်ရှားရှားရယ်ပါပဲ။ 

" သူ့အတွက် ကားက တော်တော်ကြီးမာတယ်လို့တော့ ကျွန်တော်ထင်တယ်ဗျ....သူအနေနဲ့ကားထဲကနေ ရှေ့ကိုမြင်ဖို့ဆိုတာ တော်တော်တော့ ခတ်ခဲနေမှာပါ....ကံကောင်းလို့ပဲအကြီးအကျယ်မဖြစ်တာပဲတော်လှပါသေးတယ် " ဆိုပြီး Wilson ကပြောပြခဲ့ပါတယ်။ ကားတိုက်မှုကကြာပြီဖြစ်သော်လဲ ခုချိန်မှာ သူကထပ်မံပြောပြကြားခဲ့တာပဲဖြစ်ပါတယ်။ JBတစ်ယောက်ဟာဆိုရင်လဲ ခုချိန်မှာ ကြိုးကြိုးစားစားရှိနေပြီပဲဖြစ်ကာ ပရိသတ်ကြီးလဒ သူရဲ့သီချင်းအသစ်တွေကို စောင့်မျှော် နားဆင်လိုက်ပါအုန်း။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။