အီတလီ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်အသင်းဟာ မနေ့ညက ကန်သွားတဲ့ ဥရောပ ချန်ပီယံလဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ အေဂျက်အသင်းကို အိမ်ကွင်းမှာ ( ၁-၂) ဂိုးနဲ့ အရေးနိမ့်ပြီး  ပြိုင်ပွဲကနေ ထွက်သွားရပါတယ်စီရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရရှိပြီး အခြေအနေကောင်းခဲ့ပေမယ့် လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့  တိုက်ပွဲဝင်စိတ် အပြည့်ရှိတဲ့ အေဂျက်စ်ကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရ တာပါ။

လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်လိုအသင်းကို ရှုံးထွက်အဆင့်မှာ အနိုင်ယူခဲ့တဲ့ အေဂျက်စ်ဟာ အခုပွဲမှာလည်း ဖလားရရှိဖို့ရေပန်းအစားဆုံး ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ ဗန်ဒီဘိခ်၊ ဒီလစ်တို့လို လူငယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ ချေမှုန်းနိုင်ခဲ့ပြန်ပါတယ်။ပထမအကျော့ အေဂျက်စ်အိမ်ကွင်းမှာကတည်းက ခက်ခက်ခဲခဲကစားခဲ့ရတဲ့ ဂျူဗင်တပ်စ် ဟာ နည်းပြအယ်လီဂရီရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အရှုံးပေးခဲ့ရတာလည်း ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။

အေဂျက်စ်အသင်းကတော့ ဒီရာသီ ဖလား ၃လုံးမျှော်လင့်ချက်နဲ့ ခရီးဆက်နေတဲ့ အသင်းဖြစ်ပြီး ထွန်းတောက်လာတဲ့ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကြောင့် လာမယ့် ပွဲစဉ်တွေမှာလည်း မထင်မှတ်တဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို အရယူသွားနိုင်တယ်လို့ သုံးသပ်နေ ကြပါတယ်။

source:the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။