ချစ်ပရိတ်သတ်ကြီးရေ... ချစ်ဖို့ကောင်းတဲ့မျက်နှာသေးလေးလေးရယ်မေးစေ့ချွန်ချွန်လှလှလေးရယ်ကို ထူးထူးခြားခြားပိင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင် အဆိုတော်မလေးအိမ့်ထရက်သျှာကိုပရိတ်သတ်ကြီးတို့သိကြမှာပါနော်။သူမဟာ မော်ဒယ်လောကမှာလည်း နေရာတစ်နေရာကိုခိုင်ခိုင်မာမာပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီးတော့ အဆိုပိုင်းမှာလည်း နာမည်ရနေတဲ့သူလေးတစ်ယောက်ပါနော်။

လူကောင်လေးကသေးသေးလေးနဲ့ ရင်ခွင်မှီအရပ်ကလေးကိုပိုင်ဆိုင်ထားပြီးတော့ အမိုက်စားခန္ဓာကိုယ်လေးကြောင့်လည်းပရိတ်သတ်တွေအချစ်တွေပိုနေခဲ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့် ခရီးလေးတွေကတော့ဆက်တိုက်ထွက်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။ ဒီနှစ်သင်္ကြန်မှာလည်းသူမဟာ တောင်ကြီးကိုရောက်ရှိလို့နေခဲ့ပါသေးတယ်နော်။

ဒီနှစ်ဆန်းတစ်ရက်နေ့မှာတော့ သူမဟာ သူမရဲ့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ အဖိုးအဖွားများကိုတစ်နိုင်တစ်ပိုင်အလှူလေးလုပ်ပြီး ဒါနပြုခဲ့တာကိုတွေ့ရပါတယ်နော်။ သူမဟာ ကလေးတွေနဲ့အဖိုးအဖွားတွေကို အရမ်းချစ်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ အခုလည်း သူမတတ်နိုင်တာလေးတွေနဲ့ ဘိုဘွားတွေအတွက် ကူညီလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်နော်။ကဲ... အိမ့်ထရက်သျှာတစ်ယောက် နှစ်ဆန်းတစ်ရက်နေ့မှာ အလှူပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ကြည်နူးပီတိဖြစ်ဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။