နာမည်ကျော် သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာအောင် လျှောက်လှမ်းအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့ရတဲ့ ခင်ဇာခြည်ကျော်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က ယနေ့တိုင်အောင် အရွယ်တင်နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

Single Mother တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ခင်ဇာခြည်ကျော်က သူမရဲ့သားနဲ့သမီးအပေါ်မှာ မေတ္တာတွေအပြည့်အဝပေးပြီး စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း မေမေနဲ့ရုပ်ချင်းဆင်ပြီး တကယ့်ကို အချောလေးတွေဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က သမီးလေး ထင်သစ္စာနဲ့အတူ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို တင်ထားပါတယ်။

မေမေခင်ဇာခြည်ကျော်က " သမီးနဲ့ အားတဲ့အချိန် TikTok ဆော့" ဆိုပြီး သူမတို့သားအမိနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ ရုပ်ချင်းဆင်တဲ့ သူမတို့သားအမိနှစ်ယောက်ရဲ့ဗီဒီယိုလေးမှာတော့ မေမေခင်ဇာခြည်ကျော်က နုပျိုလှပနေသလို သမီးလေးထင်သစ္စာကလည်း အရမ်းကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khinzar Chikyaw Zar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။